Wundwin tharr

Wundwin tharr မှကြိုဆိုပါသည်

Wundwin tharr

Wundwin tharr မှကြိုဆိုပါသည်

Wundwin tharr

Wundwin tharr မှကြိုဆိုပါသည်

Wundwin tharr

Wundwin tharr မှကြိုဆိုပါသည်

Wundwin tharr

Wundwin tharr မှကြိုဆိုပါသည်

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, November 20, 2013

ဆိုရှယ်မီဒီယာတွေမှာ လိုတာထက်ပို အချိန်မဖြုန်းမိကြစေဖို့

ဆိုရှယ်မီဒီယာတွေမှာ လိုတာထက်ပို အချိန်မဖြုန်းမိကြစေဖို့





လွန်ခဲ့တဲ့ နှစ်အနည်းနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေဟာ ကျွန်ုပ်တိုရဲ့နေ့ စဉ်ဘဝတွေမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။ မရှိမဖြစ်လိုအပ်ချက်ကတဆင့် ဆေးစွဲသလိုစွဲလန်းတဲ့ အဆင့်အထိ ရောက်သွားခဲ့ရင်တော့ အကျိုးဆုတ်ယုတ်မှုတွေ အများကြီးဖြစ်စေနိုင်လို့  ဆိုရှယ်မီဒီယာတွေကို လိုအပ်တာထက် အသုံးမချမိဖို့ လိုပါတယ်။

၁) အကြောင်းအရင်းနားလည်အောင်ကြိုးစားပါ။

ဆိုရှယ်လ်နက်ဝေါ့ခ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွီတာတို့ မှာ ၄၊ ၅ နာရီလောက်ကြာအောင် Refresh ခဏခဏလုပ်ပြီးအချိန်ပြည့် အသုံးပြုနေပါသလား။ ဒီလိုအကျိုးမရှိတဲ့လုပ်ရပ်တွေအတွက် အချိန်ကုန်နေရတဲ့ အကြောင်းအရင်းကိုသင်သိပါသလား။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေတာမဟုတ်ဘဲ အကြောင်းမရှိ ဆိုရှယ်လ်နက်ဝေါ့ခ်ကိုအမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေရင်တော့ သင့်ရဲ့ မသိစိတ်က ဆိုရှယ်လ်မီဒီယာအပေါ် တဖြည်းဖြည်းစွဲလန်းနေမိသူဖြစ်လာနိုင်ပါတယ်။

 ပထမဦးဆုံးသင်ဘာကြောင့် ဆိုရှယ်လ်နက်ဝေါ့ခ်ကိုအသုံးပြုနေသလဲဆိုတဲ့အကြောင်းအရာတွေကိုနားလည်အောင် ကြိုးစားပါ။ အကြောင်းအရာတစ်ခုခုက သင့်စိတ်ထဲမှာထင်ကျန်တတ်စေပါသလား။ ဒီလိုဖြစ်ရခြင်းကတော့ဆိုရှယ်မီဒီယာစွဲလန်းမှုတွေရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ရဲ့ စဉ်းစားတွေးခေါ်မှုများကိုပြောင်းလဲစေနိုင်ရုံသာမကပဲ နေ့စဉ်ဘ၀ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

၂) အချိန်သတ်မှတ်ထားပါ။

အင်တာနက်အသုံးပြုချိန်ကိုသတ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် အလုပ်အချိန်နဲ့ မိသားစုအတွက်အချိန်တွေမှာဆိုရှယ်လ်မီဒီယာကိုအသုံးများလေ့ရှိကြပါတယ်။ ဒီလိုအလုပ်အချိန်တွေ၊ မိသားစုဝင်တွေနဲ့ တွေ့ ဆုံနေချိန်မှာဆိုရှယ်လ်နက်ဝေါ့ခ်အသုံးပြုနေခြင်းကိုအချိန် အကန့် အသတ်နဲ့ ထားရှိပေးသင့်ပါတယ်။

၃) ဆိုရှယ်လ်နက်ဝေါခ်အသုံးပြုမယ့်အချိန်မှာ ဝါသနာပါတာတစ်ခုခုကို အစားထိုးလုပ်ပါ။

ဆိုရှယ်လ်မီဒီယာအပေါ် အာရုံလွှဲချင်ရင် ၀ါသနာပါတဲ့ အားကစားတစ်ခုလုပ်ပြီး အာရုံလွှဲနိုင်အောင်ကြိုးစားပါ။ စာဖတ်တာ ဝါသနာပါရင်တော့ စာအုပ်နဲ့ စာဖတ်ပါ။ အွန်လိုင်းပေါ်မှာ စာဖတ်မယ်ဆိုရင်တော့ ဆိုရှယ်လ်နက်ဝေါ့ခ်အားလုံးကို ပိတ်ထားပြီး ဖတ်သင့်ပါတယ်။ ဒီလိုဆိုရှယ်လ်နက်ဝေါခ်နေရာမှာ ဝါသနာပါတာတစ်ခုခုကို အစားထိုးလိုက်တာကနေ့ စဉ်ဘဝတိုးတက်ရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။

၎) ဆိုရှယ်လ်မီဒီယာကိုဦးစားမပေးပါနဲ့ ။ဆိုရှယ်လ်မီဒီယာကို ဘယ်တော့မှ ဦးစားမပေးသင့်ပါဘူး။ 

သင်ရဲ့ အလုပ်၊ မိသားစု နှင့် ကျန်းမာရေးတွေကိုဥပေက္ခာပြုပြီး ဆိုရှယ်လ်မီဒီယာကိုဦးစားပေးရင် အကျိုး ဆုတ်ယုတ် မှုတွေပဲဖြစ်လာနိုင်တာကြောင့်မလို့ ဆိုရှယ်လ်မီဒီယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ ဆိုရှယ်လ်မီဒီယာတွေကို အားလပ်ချိန်တွေမှာသာဖျော်ဖြေရေးတစ်ခုအနေနဲ့  အသုံးပြုသင့်ပါတယ်။

Credit to ဝင်းကမ္ဘာကျော်